ဇမ္ဗူသီရိမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား/ကျောင်းသူ ၂၆၀ ဦးဖြေဆို

ဇမ္ဗူသီရိ  မတ်  ၁၃

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတို့၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့၌ သင်္ချာဘာသာကို ဖြေဆိုနေကြပြီဖြစ်သည်။

ဇမ္ဗူသီရိမြို့နယ်အတွင်း စာစစ်ဌာန (၅) ခုတို့တွင် ဖြေဆိုစာရင်းပေးသူ (၂၇၈၆) ဦးရှိပြီး ယနေ့ သင်္ချာ ဘာသာ၌ ကျောင်းတွင်းနှင့်အပြင်ဖြေ (၂၆၀၀) ဦးဖြေဆိုကာ (၁၈၆) ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံး၏ စာရင်းထုတ်ပြန်ချက်အရသိရပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်စန်းတင့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)