ရပ်စောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

ရပ်စောက်      စက်တင်ဘာ     ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း သင်တန်းပို့ချချက်ကို ယနေ့နံနက် (၉)နာရီ က မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာများကို မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းအောင် မှ အမျိုးသမီးများတွင် ဒုတိယ ဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချရခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ်များစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကျန်းမာရေးဝန်ထမ်းများ က စာရင်းကောက်ယူပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း ထိုးနှံနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)