လပွတ္တာ မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း (လပွတ္တာ) ၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၉) နာရီအချိန်က အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် ဆက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ပထမဆုရရှိသူကို ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာန(ရုံးချုပ်)မှ ချီးမြှင့်သော အပ်ချုပ်စက်တစ်စုံ ဆုချီးမြှင့်ခြင်းနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးန တိုင်းဒေသကြီးရုံး (ပုသိမ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ညီညီဝင်းမှ သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန လက်အောက်ရှိ အမျိုးသမီး အိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်း (၃၇)ကျောင်းတွင် သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ကြပြီး စုစုပေါင်းသင်တန်းဆင်းအင်အား (၁၉၁၀) ဦးရှိကြောင်းနှင့် သင်တန်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုချိန်ထိ သင်တန်းဆင်းအရေအတွက် (၈၉၈၉၆) ဦးရှိပြီး အဆိုပါ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ (၄၀၄၉၆) ရှိသဖြင့် (၄၆%) အလုပ်အကိုင် ဖန်တီးပေးနိင်ကြောင်းသိရသည်။
သင်တန်းတွင် အမျိုးသမီးငယ်များကို ကျောင်းအိပ် ကျောင်းစား စရိတ်ငြိမ်းဖြင့် သင်ကြား ပေးလျက်ရှိကြောင်း၊ သင်ထောက်ကူပစ္စည်းအစုံအလင် ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက တစ်ပိုင်တစ်နိင် လုပ်ကိုင်နိင်ရန် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း ရှင်းခင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာသူများက သင်တန်းဆင်း သင်တန်းသူများ၏ အဝတ်အထည် လက်မှု့လက်ယာ ခင်းကျင်းပြသထားမှုကို ကြည့်ရှုကြသည်။
အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ (၆၀) ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၈) ပတ် ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လပွတ္တာခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ သင်တန်းဆရာမများ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းကျော်မြင့်