အင်တော စက်တင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီမှ အင်တောတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ၊ တိုက်နယ်ကျန်းမာရေးဌာန နှင့်ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှုကို ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဝင် ကျေးလက် လမ်းဦးစီးဌာန မှ ဦးစီးအရာရှိ ထွန်းမင်းသိန်းနှင့် အဖွဲ့များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၄၆.၅၂)သန်းဖြင့် အင်တောတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ (၁၉၆၂ စ/ပေ)၊ (၄)ခန်းတွဲ RC တစ်ထပ်ကို Shan Home Land ကုမ္ပဏီနှင့် (၁၂၆၉ စ/ပေ) (၃)ခန်းတွဲ RC တစ်ထပ် Goldern Dream Catcher ကုမ္ပဏီမှလည်းကောင်း တာဝန်ယူ တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် အင်တောတိုက်နယ် ကျန်းမာရေးဌာန RC တစ်ထပ် အဆောက်အဦကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၈.၁၀ ဖြင့်လည်းကောင်း၊ (၃)ခန်းတွဲ ဝန်ထမ်းအိမ်ရာကို ၃၄.၀၉ သန်းဖြင့် လည်းကောင်း၊ (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာကို ၂၆.၂၄ ဖြင့် RC တစ်ထပ် နှစ်ဆောင်ကို မဏိရတနာဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်နေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် တည်ဆောင်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်ရန်၊ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်ခိုင် (အင်တော၊ပြန်/ဆက်)