ရှားတော၊ စက်တင်ဘာ ၄
ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်က နှစ်ကျိပ်ရှစ်ဆူ ဘုရား စေတီ ရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ နှင့်တပ်ရင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး နှစ်ကျိပ် ရှစ်ဆူ ဘုရားစေတီရင်ပြင်ရှိပေါင်းမြက်များ၊ ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်းသိရသည်။
ထွန်းအောင်(ပြန်/ဆက်)