မိုင်းဖြတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့် က မဲဆန္ဒရှင်စာရင်း စနစ်တကျ ပြုစုနိုင်ရေး၊ မဲဆွယ်စည်းရုံးကာလ၌ လွှတ်တော်အမတ်များ၏ မဲဆွယ်စည်းရုံးမှုအပေါ် ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုး က မဲဆန္ဒရှင်စာရင်းများ ပြုစုထားရှိမှု၊ ဒုတိယအကြိမ် မဲစာရင်းမကြေညာမီ စိစစ်ဆောင်ရွက်ရမည့် အခြေအနေများ၊ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင်များ က နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် သက်မှတ်သည့်နေရာတွင် စုဝေးဟောပြောနိုင်ရေး၊ သက်မှတ်နေရာများသို့ ယာဉ်များနှင့် လှည့်လည်စည်းရုံးခြင်း စသည့်အချက်များပေါ်မူတည်၍ သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ရေးတို့ကို အသီးသီးဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)