မိုင်းလုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင် နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် ယနေ့နံနက်ပိုင်းအချိန် က သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် နမ့်ပိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများ က အိမ်အရောက်သွား၍ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀/-) နှုန်းဖြင့် နမ့်ပိန်ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၂၀)စုအား ထောက်ပံ့ပေးအပ်ခဲ့သည်။ မိုင်းလုံမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအနေဖြင့် ရပ်ကွက် ၆ ခုမှ အိမ်ထောင်စု (၁၂၀)စုနှင့် ကျေးရွာအုပ်စု ၁၉ အုပ်စုမှ အိမ်ထောင်စု (၉၅၈)စု၊ စုစုပေါင်းအိမ်ထောင်စု (၁၀၇၈)စု အတွက်ထောက်ပံ့ငွေ ( ၂၁၅၆၀၀၀၀/-)ကျပ် ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
ဇော်ဇော် (ပြန် /ဆက်)