မောက်မယ် စက်တင်ဘာ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စုနှင့် စဉ့်ဆိုင်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ−၇) ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ က အဆိုပါ ကျေးရွာအုပ်စုများ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပေးအပ်ခဲ့သည်။
ပေးအပ်ပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ က အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးတိုးတိုးငွေ မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ−၇)ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ကာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ−၇) (၇၅)ကတ်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများလက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)