ကွတ်ခိုင် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း (၁၁)ခုမှ အသက်၆၀နှစ်နှင့် ၈၀နှစ် အကြားရှိ သက်ကြီးရွယ်အိုများ၊ မြို့ပေါ်(၈)ရပ်ကွက်ရှိ မသန်စွမ်းသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ CREP အစီအစဉ်အရ ယနေ့နံနက်ပိုင်း က ကွတ်ခိုင်မြို့၊ ပြည်ထောင်စုခန်းမ၌ ပေးအပ်ထောက်ပံ့သည်။
တိုင်းရင်းသားပြည်သူလူထုတွေအနေနဲ့ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ အခက်အခဲများစွာ ကြုံတွေ့နေရတဲ့အတွက်ကြောင့် ထပ်တိုးထောက်ပံ့ကြေးတွေကို နိုင်ငံတော် အစိုးရကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန က ပေးအပ်ထောက်ပံ့တာဖြစ်ပါတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ပေးအပ်ထောက်ပံ့အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင် က ပြောကြားသည်။
ပေးအပ်ထောက်ပံ့မှုတွင် ကွတ်ခိုင်မြို့၊ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇)နှင့် (၈)ရပ်ကွက် အတွင်းရှိ မသန်စွမ်းသူ (၇၆၁)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀) စုစုပေါင်း ငွေကျပ် (၂၂၈၃၀၀၀၀)သိန်းကို တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ က လက်ခံရယူသည်။ ဆက်လက်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း (၁၁)ခုမှ အသက် ၆၀နှစ်နှင့် ၈၀နှစ်အကြားရှိ သက်ကြီးရွယ်အို (၂၉၇)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) စုစုပေါင်း ငွေကျပ် (၈၉၁၀၀၀၀)သိန်းတို့အား ဌာနဆိုင်ရာတာဝန်ရှိသူများ က ပေးအပ်ရာ တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူများက လက်ခံရယူသည်။
အဆိုပါ ပေးအပ်ထောက်ပံ့သည့် အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင်စခန်းမှ စခန်းတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)