မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုင်းရှူး  စက်တင်ဘာ  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ တောင်ကြီး- မိုင်းရှူးကားလမ်း၊ လားရှိုး-မိုင်းရှူး သွားကားလမ်းပေါ်ရှိ မိုင်းရှူးမြို့နယ် နားစံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်အား သြဂုတ်၃၁ရက်နေ့မှ စတင်၍ ကျန်းမာရေးစစ်ဆေးရေး ဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ရာ လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းများ ရေးသွင်းခြင်း၊ ယာဉ်မောင်း နှင့်ခရီးသွားပြည်သူများ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)