မောက်မယ်မြို့နယ်၌ CERP အစီအစဉ်ဖြင့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ်၊ စိုက်ခင်းများအား မြေသြဇာထည့်သွင်းမှုနည်းစနစ် အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မောက်မယ်    စက်တင်ဘာ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးသည့် တောင်သူ ဒေါ်နန်းသန်းသန်းဌေး ၏ လယ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဦးသက်နိုင် က ဦးဆောင်၍ ဝန်ထမ်းများမှ ယမန်နေ့ ညနေ ၃ နာရီ က မျိုးသန့်ပွား၊ မျိုးစေ့ထုတ် စိုက်ခင်းများအား ဖြစ်ထွန်းအောင်မြင်ရန်အတွက် အပင်သက်တမ်းအလိုက် ထည့်သွင်းရမည့် မြေသြဇာထည့်သွင်းမှု နည်းစနစ်များအား  အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့မြေသြဇာထည့်သွင်းမှု နည်းစနစ်များနှင့် စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြင့် မျိုးသန့်ပွားမျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဦးသက်နိုင် ၏ ပြောကြားချက်အရ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)