တောင်ကြီး စက်တင်ဘာ ၄
ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား တောင်ကြီးမြို့ Taunggyi Business Center TBC အဝေးပြေးကားကွင်းမှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချပ်ရေးမှူး ဦးဖြိုးမင်းထိုက် ထံမှ သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဂိတ်များမှ သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက် လာသည့် နေရပ်ပြန်ပြည်သူများအား ရှမ်းပြည်နယ်မှတဆင့် သက်ဆိုင်ရာဒေသများသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ နယ်စပ်ဂိတ်များတွင် စနစ်တကျစိစစ်၍ တောင်ကြီးမြို့အထိ သက်ဆိုင်ရာယာဉ်လိုင်းများဖြင့် လည်းကောင်း၊ တောင်ကြီးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ထပ်ဆင့်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယမန်နေ့ညနေ ၆ နာရီအချိန် က တာချီလိတ်မြို့ နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ စုစုပေါင်း (၆၈)ဦးတို့အား တောင်ကြီးမြို့ Taunggyi Business Center. TBC အဝေးပြေးကားကွင်းမှတစ်ဆင့် စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၆၈)ဦးတို့တွင် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း (၃)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၇)ဦး၊ စုစုပေါင်း (၂၅)ဦး၊ မကွေးတိုင်းဒေသကြီးမှ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၉)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း (၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း(၅)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ အမျိုးသမီး (၁)ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အမျိုးသား( ၅)ဦး၊ ရှမ်းပြည် နယ်တောင်ကြီးမြို့မှ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၅)ဦး၊ စုစုပေါင်း(၉)ဦး၊ ဆီဆိုင်မြို့မှ အမျိုးသား (၂)ဦး၊ ဟိုပုံးမြို့မှ အမျိုးသား (၃)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း (၄)ဦး၊ ညောင်ရွှေမြို့မှ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး၊ စုစုပေါင်း (၂) ဦးတို့ဖြစ်ကြောင်းသိရပြီး ယနေ့အထိ နေရပ်ပြန်ပြည်သူ (၅၀၄၄)ဦးအား တောင်ကြီးမြို့မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များသို့ တောင်ကြီးမြို့အခြေစိုက် ယာဉ်လိုင်းများဖြင့် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများနှင့် တောင်ကြီးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးရာတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊ လမ်းခရီးတွင် စားသောက်ရန် ထမင်းဗူး၊ ရေသန့်ဗူး၊ အချိုရည်နှင့်ပေါင်မုန့်များ ဝေငှခြင်းများအား တောင်ကြီးမြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ကုသရေး၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ တောင်ကြီးမြို့ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အရန်မီးတပ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုးညွန့်ရွှေ(ပြန်/ဆက်)