ငရုတ်ကောင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းကို ယမန်နေ့တွင် ငရုတ်ကောင်းမြို့(အထက)ရှိ ရွှေရတုခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ငပုတောမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ရွေးကောက်ပွဲဆိုင်ရာခေါင်းစဉ် (၁၀)ရပ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈၊ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ/နည်းဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ/ နည်းဥပဒေ၊ ရွေးကောက်ပွဲစက်ဝန်း မဟာဗျူဟာစီမံကိန်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ မဲရုံမှူးဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လက်စွဲအကြောင်းများ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)အုပ်စုမှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်(၂၆) ဦးတက်ရောက် ပြီး သင်တန်းကို ၂ ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)