ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၄)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော်   စက်တင်ဘာ    ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့  ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ  စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၅ ရက်နေ့ညနေ (၆)နာရီအချိန် က(၁၁)ဦး နှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန် က (၃)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၁၄) ဦးမှာ အမျိုးသား(၉) ဦး၊ အမျိုးသမီး(၅) ဦး တို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ(၂)ဦး၊  ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှ (၃)ဦး၊ မိုင်းရယ်မြို့နယ်မှ (၂)ဦး၊ လောက်ကိုင်မြို့နယ်မှ (၂)ဦး၊ သိန္နီမြို့နယ်မှ (၃)ဦးနှင့် ဟိုပန်မြို့နယ်မှ(၁)ဦး တို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ   တိုင်းဒေသကြီး/ ပြည်နယ်များသို့  နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့ အထိ အမျိုးသား(၈၂၈၂)ဦးနှင့် အမျိုးသမီး(၆၆၉၀)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၉၇၂)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)