ဇလွန်မြို့၌ ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများအား ကြေညာထားရှိ

ဇလွန်  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်(၂)ခု၌ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းများကို ကြေညာချက်ပုံစံ (၆-က)၊ ပုံစံ(၁၀)များဖြင့် ကြေညာထားရှိကြောင်း သိရသည်။

အဆိုပါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံမည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပြည်သူများ တွေ့မြင်နိုင်သော နေရာများတွင် ကြေညာထားရှိကြောင်းနှင့် ဇလွန်မြို့နယ်တွင် ကျေးရွာအုပ်စု (၆၆) အုပ်စု မြို့ပေါ်(၅)ရပ်ကွက်၌ မဲရုံပေါင်း (၁၆၆)ရုံ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၆၀၈၈၉)ဦး၊ မ(၆၈၇၉၉)ဦး၊ စုစုပေါင်း(၁၂၉၆၈၈) ဦး ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)