မိုင်းကိုင် စက်တင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာရှိ ပညာမိုးစက်စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်း က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် စာပေဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ၊ လူငယ်လူရွယ်များ စာပေဗဟုသုတ တိုးပွားလာစေရေး၊ ပညာမိုးစက် ကျေးရွာ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအုပ်စုအတွင်းရှိ လူငယ်လူရွယ်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ရာ ကျေးရွာစာကြည့်တိုက်မှူး ဒေါ်နန်းနွမ်းမို က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြီး တက်ရောက်လာ ကြသော ဟမ်းငိုင်းကျေးရွာ၊ ကုန်းညောင်ဖာစားကျေးရွာ၊ ဟိုဖိုင်ကျေးရွာတို့မှ လူငယ်လူရွယ်များက မြန်မာ့အလင်းသတင်းစာပါ အယ်တီတာ့အာဘော်၊ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆောင်းပါး၊ ကာတွန်း၊ တိုင်းရင်းသားရေးရာ၊ စီးပွားရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍများကို ဖတ်ရှုကြပြီး ဗဟုသုတအတွေ့အကြုံများ ပြန်လည်ဆွေးနွေးကြကာ စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် စာပေဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)