ဟင်္သာတ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP)ဖြင့် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်းသိရသည်။
အဆိုပါ ကျေးရွာမ တည်ရန်ပုံငွေစီမံကိန်း(VRFP)တွင် ပါဝင်သည့် အိမ်ခြေ(၁၀၁)နှင့်အထက် ကျေးရွာများဖြစ်သည့် လဟာပ၊ ဘုရားကုန်းကျေးရွာ တို့ကိုရန်ပုံငွေ ကျပ်သိန်း(၃၀၀)၊ အိမ်ခြေ (၅၁)နှင့် (၁၀၀) ကြား ကျေးရွာဖြစ်သည့် သရက်အိုင်ကျေးရွာကို ရန်ပုံငွေကျပ်သိန်း(၂၀၀)နှင့် အိမ်ခြေ(၅၀)နှင့်အောက် ကျေးရွာများဖြစ်သည့် ကံဘုရား၊ ဗျစ်အင်း ကျေးရွာများကို ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ကို တာဝန်ရှိသူများက ဩဂုတ်လဒုတိယအပတ်က ကျေးရွာတစ်ရွာခြင်းအလိုက် ပေးအပ်ထားပြီးကံဘုရား၊ ဗျစ်အင်းကျေးရွာတို့၌ ယင်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ် ငန်းများပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင် ရွက်နိုင်ရေးအတွက် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)