ပန်းတနော်မြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်း အခမဲ့ဖွင့်လှစ်

ပန်းတနော် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၅)နည်းဖြင့် မတ်လ(၁၁) ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ မြို့နယ်အားကစားကွင်း၊ အားကစားခန်းမ၌ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းမှာ လူငယ်များ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ကျန်းမာ ကြံ့ခိုင်မှုရှိစေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းရှိလာစေရန်၊ အားကစားတစ်ခုခုကစားခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်ပြီး မူးယစ်ကင်းစင်စေရန် ရည်ရွယ်၍ အားကစား သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း မြို့နယ်အား/ကာမှူး ​ဒေါ်မာမာလင်းက ပြောကြားသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ဘောလုံး ကစားနည်းသင်တန်း၊ မြန်မာ့ရိုးရာသိုင်း၊ Fitness Dance၊ ပြေးခုန်းပစ်၊ ကြက်တောင်ရိုက် အားကစားနည်း(၅)မျိုးဖြင့် ဒု-ကာယဦးစီးမှူး ဒေါ်ခင်လှနှင့်၊ မြို့နယ်အား/ကာမှူး ဒေါ်မာမာလင်းတို့က သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)