မိုင်းရှူးမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်

မိုင်းရှူး  စက်တင်ဘာ  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်ပြသ ခြင်း ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပြသခြင်းမှ ပြည်သူများအနေဖြင့် လူကုန်ကူးသူများ၏ စည်းရုံးသွေးဆောင်မှု များ သိရှိစေရန်၊ လူကုန်ကူးခံရသူများ ရရှိနိုင်သည့်ဆိုးကျိုးများ၊ လူကုန်ကူးမှုမခံရရေး သတိ၊ အသိနှင့်နေနိုင်စေရန်၊ မိမိပတ်ဝန်းကျင်တွင် လူကုန်ကူးသူများရှိပါက အချိန်မီတားဆီးနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်များတွင် လူကုန်ကူးမှုအမျိုးအစားတွင် ပါဝင်သည့်အချက်များ၊ မြန်မာ နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသောလူကုန်ကူးမှုအမျိုးအစား၊ သတိထားရှောင်ရှားရမည့် အချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ် များ၊ မိမိပတ်ဝန်းကျင်တွင် သတိပြုရမည့်သူများ စသည့် အသိပညာပေးအကြောင်းအရာများ ခင်းကျင်းပြသ ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)