လပွတ္တာ၌ ရပ်ကွက်/ကျေးရွာအုပ်စုများကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်သင်တန်းဖွင့်လှစ်

လပွတ္တာ  စက်တင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် သင်တန်းကို ရွေးနဒီခန်းမနှင့် အ.ထ.က (၁)ကျောင်းတို့တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် လပွတ္တာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြည်က အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း အကြောင်းအရာများကို ပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တာဝန်နှင့် လိုက်နာရမည့်ကျင့်ဝတ် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ပြန်လှန်ဆွေးနွေးခြင်း၊ ကြိုတင်မဲပေးခြင်း၊ တက်ကြွစိတ်ဝင်စားရန် လှုံ့ဆော်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခန်းကဏ္ဍများ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ မြို့နယ် ကျန်းမာရေး အဖွဲ့ဆွေးနွေးချက်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များထုတ်ပြန်ခြင်း၊ မဲရုံသရုပ်ပြသခြင်း စသည့်အကြောင်းအရာများကို ပို့ချခဲ့သည်။

လပွတ္တာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်သင်တန်းကို သင်တန်းသား/သင်တန်းသူ (၅၅၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၄)ရက်ကြာမြှင့်မည် ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းကို ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ သင်တန်းအား ဖွင့်လှစ်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ အဖွဲ့ခွဲထံမှ သိရသည်။

ဝင်းကျော်မြင့်(ပြန်/ဆက်)