ကြံခင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲ့မြို့အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် ဘက်ရဲ့မြို့အတွင်းရှိ စားသောက်ဆိုင်နှင် လက်ဖက်ရည်ဆိုင်များသည် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များဖြစ်သည့် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများ လိုက်နာရမည့် အချက်(၁၄)ချက်အား လည်းကောင်း၊ စားသုံးသူပြည်သူအများ လိုက်နာဆောင်ရွက်ရမည့် အချက်(၇) ချက်အား လည်းကောင်းပြင်ဆင် ရောင်းချလိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ စစ်ဆေးခြင်းကို ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘက်ရဲမြို့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်တင်မိုးသူအဖွဲ့များနှင့်အတူ ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်းနှင့် ဘက်ရဲမြို့ရှိ စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၁၂)ဆိုင်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ဆိုင်များကို လည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)