ဒေးဒရဲ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် စားသုံးသူများအနေဖြင့် ရိုးရှင်းသော သတင်းအချက်များ ရရှိစေရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးရှိ စတိုးဆိုင်နှင့် အလှကုန်ဆိုင်များအား ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် စစ်ဆေးရေးမှူး ဦးသိန်းမောင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ စတိုးဆိုင်များနှင့် အလှကုန်ဆိုင် များတွင် ဖြန့်ဖြူးရောင်းချ နေသည့် သနပ်ခါးအမည်ခံ အလှကုန်နှင့် စားသောက်ကုန်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သနပ်ခါးအမည်ခံ အလှကုန်များသည် စားသုံးသူ ဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များနှင့် စီစစ်၍ ကိုက်ညီမှူ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ပူးပေါင်းအဖွဲ့က အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)