ဖျာပုံ၌ Facility Quarantine Center အဖြစ်ထားရှိသည့် Shelter (၁၅)လုံးတွင် လက်ဆေး ဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန်ထောက်ပံ့ငွေ (၂၂၅)သိန်း ပေးအပ်

ဖျာပုံ စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းအတွက် Shelter(၁၅)လုံးတွင် လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများ ပြုလုပ်ရန် ထောက်ပံ့ငွေ(၂၂၅)သိန်း ပေးအပ်ပွဲကို ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဘိုကလေးမြို့နယ်အတွင်း Facility Quarantine Center အဖြစ် Shulter များကိုအသုံးပြုရာ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းတွင် မဖြစ်မနေလိုအပ်သည့် လက်ဆေးဘေစင်၊ ဖိုက်ဘာ ရေစည်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ရန်အတွက် Shelter (၁)လုံးလျှင် လက်ဆေးဘေစင် (၃)ခု၊ ဖိုက်ဘာရေစည်(၂)လုံးပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် တန်ဖိုးငွေကျပ်(၁၅)သိန်းနှုန်းဖြင့် Shelter(၁၅)လုံးအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၂၅)သိန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပေးအပ် လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဘိုကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှလှနွယ် (ပြန်/ဆက်)