အင်္ဂပူမြို့နယ်တွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်း၍ (Mask Campaing)ပြုလုပ်

အင်္ဂပူ  စက်တင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အင်္ဂပူမြို့နယ်အတွင်းရှိ လူစည်ကားရာ ဆိပ်ကားသာလမ်းဆုံ၊ မြို့မဈေး၊ ကြံခင်း-ဟင်္သာတ ရထားပေါ်နှင့် စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသည့်  ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)