အမာ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်နှံ့မှုများမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက် သွားရန်အတွက် Quarantine Centre အဖြစ်ထားရှိမည့် အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ရှယ်လ်တာအဆောက်အဦအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Quarantine Centre ထားရှိခြင်းဖြင့် အမာမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ရည်ရွယ်၍ စောင့်ကြည့်လူနာများအား ထားရှိရန် နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် အမာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် (၄)ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ၊ အဖွဲ့ဝင်များ ပူးပေါင်းကာ စောင့်ကြည့် လူနာများထားရှိမည့် ကျောင်းဆောင်များ၊ နေရာထိုင်ခင်းများ၊ ရေချိုးရန်နေရာ များနှင့် အခြားလိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
နော်လေး(အမာ)