ဇလွန်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဇလွန်  စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ဇလွန်မြို့ အဝင်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဇလွန်မြို့ အဝင်အထွက်ဂိတ်တွင် ခရီးသွားလာနေသော ပြည်သူများ အား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ခရီးသွားလာသူများ၏ နေရပ်လိပ်စာများ ရယူမှတ်တမ်းထား ရှိခြင်းများ ဆောင်ရွက်ခဲ့ သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ​နေ့စဉ် နံနက် ၆နာရီ မှ ည ၁၂ နာရီအထိ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)