ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှင့် ခရီးသွားပြည်သူများ ရောဂါကူးစက်မှု မရှိစေရန် မြို့အဝင်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်

ဖျာပုံ  စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှင့် ခရီသွားပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်များမှ တာဝန်ရှိ သူများသည် ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စစ်ဆေးရေးဂိတ် အမှတ်(၁)နှင့် အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စစ်ဆေးရေးဂိတ် အမှတ်(၂) အဖြစ်ဖွင့်လှစ်ကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ၊ ရခိုင်ပြည်နယ်မှ လာရောက်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးမှ (Stay at Home) အစီအစဉ်တွင် ပါဝင်သော မြို့နယ်များမှ လာရောက်သူများပါဝင်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ သတ်မှတ်မြို့နယ်များမှ ခရီးသွားသူများ ပါဝင်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက် ကာ Facility Quarantine ထားရှိစေခြင်းများ၊ ခရီးသွားထောက်ခံစာ ပါ/မပါ စစ်ဆေးမှုများပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖျာပုံ (ပြန်/ဆက်)