ဓနုဖြူ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိမ်းမင်းက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးက လွတ်တော်အသီးသီး၏ မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းထားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာ ရွေးကောင်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့်အညီ စီစစ်အတည်ပြုကြေညာထားသည့် နိုင်ငံရေးပါတီ ကိုယ်စားပြု လွတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလလွတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှု ရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်များအား ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သိလိုသည်မျာကို မေးမြန်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)