ဓနုဖြူ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၀)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက ရေပေါက်ကျေးရွာအုပ်စု၊ သိမ်းကုန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ချိုလွင်ကအမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးဇာနည်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်မြင့်က သင်တန်းသားများအနေဖြင့် သင်တန်းပြီးမြောက်ပါက ရရှိမည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မတ်လ ၁၁ရက်နေ့မှ ၃၀ရက်နေ့အထိ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၂၇) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး