နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

ဇမ္ဗူသီရိ မတ် ၁၁

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် စိန်ပန်းပြာ (၁၀)လမ်း နေအိမ်တစ်အိမ်၌ ယနေ့နံနက် ၁၀နာရီ ၂၃ မိနစ်တွင် ထမင်းအိုးအပူလွန်ကဲရာမှ သစ်သားခုံသို့ မီးကူးစက်ပြီး  သွပ်မိုးဝါးထရံကာ နှစ်ထပ်နေအိမ် နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ယာဉ် (၁၃) စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် (၆၀) ဦး သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀နာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (မြို့နယ် ပြန်/ဆက်)