မအူပင်မြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မအူပင် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မအူပင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးအာကာဦး တို့က လုပ်ငန်း ကော်မတီ အလိုက် ဖွဲ့စည်းထားသည့် ဌာနဆိုင်ရာများ ပါဝင်ဆောင်ရွက်ရမည့် အခြေအနေများ၊ ပြပွဲ/ပြိုင်ပွဲများ ပါဝင်ကျင်းပနိုင်ရေးနှင့် ကော်မတီတစ်ခုချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို လုပ်ငန်းစဉ် တစ်ခုချင်း အလိုက် အခက်အခဲမရှိ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)