ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ နေပြည်တော်ကောင်စီသို့ လာရောက်လှူဒါန်း

နေပြည်တော်   စက်တင်ဘာ   ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသမှုပေးနိုင်ရေး လုပ်ငန်းများဆေင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask)များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးအောင်မြင်ထွန်း၊ ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

လှူဒါန်းပွဲတွင် LASER iT & Mobile Tech Co., Ltd မှ နှာခေါင်းစည်း Face Mask (၁၀၀၀၀)ခုကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးအောင်မြင်ထွန်း၊ ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။

ယခုလှူဒါန်းသည့် နှာခေါင်းစည်း (Face Mask) များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှုပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်၊ ပြန်/ဆက်)