ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ Hand Speaker များပေးအပ်

ဇလွန်   စက်တင်ဘာ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတိပေးနှိုးဆော်ချက်များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနမှ ပေးအပ်သော Hand Speaker များ ပြန်လည်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

အဆိုပါ Hand Speaker များပြန်လည်ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် ဒုတိယဦးစီးဌာနမှူး ဦးထွန်းလွင်မှ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁)စုလျှင် (၁)ခုနှုန်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၇၁)အုပ်စုသို့ Hand Speaker များပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)