ငွေဆောင်မြို့၌ စျေးရောင်းဝယ်သူများ Mask နှာခေါင်းစည်းတပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေး

ငွေဆောင်   စက်တင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စျေးရောင်းဝယ်ကြသူများ Mask နှာခေါင်းစည်း တပ်ဆင်မှု ရှိ၊ မရှိကို ယနေ့ နံနက်ပိုင်းတွင် ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တာဝန်ရှိသူများက အခါအားလျော်စွာ စစ်ဆေးခဲ့ခြင်း၊ အများပြည်သူ သွားလာလျက်ရှိသည့် စျေးသို့လာရောက်သည့် အခါတိုင်း စျေးအဝင်ရှိ လက်ဆေးကန်များတွင် စနစ်တကျ လက်ဆေးကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်ကြရန်နှင့် လူစုလူဝေးရှောင်ကြရန် အသိပညာပေးနှိုး ဆော်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)