ညောင်ရွှေမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ဆောင်ရွက်

ညောင်ရွှေ   စက်တင်ဘာ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်း က ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်‌ကျေးရွာရှိ ကွင်းအမှတ် (၅)၊ ဦးပိုင်အမှတ် (၁၅/၂)ရှိ တောင်သူ ဦးဘ‌ထောင်၏ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က တောင်သူများမျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရန်နှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ တောင်သူများသို့ မျိုးစေ့များ ဖြန့်ဖြူးနိုင်ရန်တို့အတွက် တောင်သူများနှင့်ပူး‌ပေါင်း၍ ပင်ပွားကာလအတွင်း နည်းပညာပေး ဆောင်ရွက် ခဲ့ကြောင်း၊ ဆက်လက်၍ ပန်းပွင့်ကာလနှင့် အနှံရင့်မှည့်ကာလ များတွင်လည်း မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပက်ထရစ်ဗြူး၏ ပြောကြားချက်အရ သိရသည်။

နေမျိုးသူရိန် (ပြန်/ဆက်)