မိုင်းရယ်မြို့နယ်၊ နားလီကျေးရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းရယ်-ကျေးသီး ကားလမ်းပေါ်တွင် ရေကျော်မှုဖြစ်ပွား

မိုင်းရယ်   စက်တင်ဘာ  ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ နားလီကျေးရွာအနီး ယမန်နေ့ညတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  နမ့်ကျိချောင်းရေများ၍ လမ်းကျော်မှုဖြစ်ပွားလျက် ရှိသည်။

အဆိုပါ လမ်းရေကျော်နေမှုမှာ မိုင်းရယ်-ကျေးသီး ကားလမ်းပေါ်ရှိ မိုင်တိုင် ၅၁မိုင် ၁ဖာလုံနှင့် ၂ဖာလုံအကြား လမ်းပေါ်သို့ ပေ ၁၅၀ ခန့် ရေကျော်လျက်ရှိပြီး ရေအနက် ၂ပေခွဲခန့် ရှိသဖြင့် ယာဉ်ကြီးများသာ သွားလာနိုင်ပြီး ယာဉ်ငယ်များ သွားလာနိုင်ခြင်းမရှိသေးကြောင်း၊ လမ်းအထူးအဖွဲ့ (၆)နှင့် တပ်ရင်းတပ်ဖွဲ့များမှ ယာဉ်ကြီးများဖြင့် ဆိုင်ကယ်များအား တင်ဆောင်၍ ရေလွတ်ရာ ဘက်အခြမ်းသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း၊  လက်ရှိအခြေအ နေတွင် ရေများကျဆင်းလျက်ရှိပြီး အဆိုပါ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ မိုင်တိုင် ၅၁ မိုင် ၁ဖာလုံနှင့် ၂ဖာလုံအကြား နမ့်ကျိချောင်းသည် မိုးများပါက နှစ်စဉ် ရေကျော်လျက်ရှိသည့် နေရာဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)