ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ

ပန်ဆိုင်း   မတ်     ၁၁

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကျောင်းသူများ တီထွင်ဖန်တီးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိပြီး ဉာဏ်ရည်၊ ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူတတ်စေရန်အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းမိုးခိုင်က ပြိုင်ပွဲကို စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ကြရန်နှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားသည်။ ဆက်လက်ပြီး ပြိုင်ပွဲကို နှစ်ဖွဲ့ခွဲယှဉ်ပြိုင်ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများကို အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)