ဒုတိယအကြိမ် မဲစာရင်းများ ကြေညာနိုင်ရေး ရွာငံမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲစာရင်းများ ထပ်မံစိစစ်

ရွာငံ   စက်တင်ဘာ   ၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယ အကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ ကြေညာဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရာတွင် ပထမအကြိမ် ထုတ်ပြန်ထားသည့် မဲဆန္ဒရှင် စာရင်းများကို ဒုတိယ အကြိမ် ပြန်လည်ကြေညာနိုင်ရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များမှ ထပ်မံ တိုက်ဆိုင်စစ်ဆေးကြရာ ယနေ့အချိန်ထိ ရွာငံမြို့နယ် ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များမှ တင်ပြလာ သည့် မဲဆန္ဒရှင်စာရင်းများကို ပြင်ဆင်ရာတွင် ပုံစံ(၃)ဖြင့် (၄၅၈)ဦး၊ ပုံစံ(၄)ဖြင့် (၁၈၉)ဦး၊ ပုံစံ(၄-ဂ)ဖြင့် (၃၂၈)ဦး ပြင်ဆင်ဖြည့်စွက်ပြီးစီးကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)