ကွတ်ခိုင် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အစီစဉ်အရ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း က ကွတ်ခိုင်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့ပေါ်ရှိ မသန်စွမ်းသူ (၂၅)ဦးအား အိမ်တိုင်ရာရောက် ငွေကြေးများ သွားရောက် ထောက်ပံ့ပေးအပ်သည်။
CERP အစီအစဉ်အရ မသန်စွမ်းသူများအား ငွေကြေးသွားရောက်ထောက်ပံ့ရာတွင် မြို့ပေါ်ရှိ IDPs တိုက်ပွဲရှောင် စခန်းမှ မသန်စွမ်းသူများနှင့် ရပ်ကွက်အတွင်းရှိ မသန်းစွမ်းသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ ပေးအပ်သည်။
ကွတ်ခိုင်မြို့နယ်အတွင်း ရက်ကွက်ကျေးရွာအုပ်စုအသီးသီး၌ မသန်စွမ်းသူ (၇၆၁)ဦးရှိပြီး CERP အစီစဉ်အရ တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) ထောက်ပံ့ပေးအပ်ကာ အဆိုပါ ထောက်ပံ့ငွေကြေးများကို ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် IDPs တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူများမှတစ်ဆင့် ထောပ်ပံ့ပေးအပ်ပြီးကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ကိုမိုင်း(ပြန်/ဆက်)