ကရသူရိမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်

ကရသူရိ  မတ်  ၁၉

ဒေသခံမိဘပြည်သူများနှင့် ခရီးသွားလာပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်၊ မြို့ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ​ရောဂါအကြောင်းကို ပြည်သူများ သိရှိနားလည်ပြီး ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး၊ လူထူထပ်သော နေရာများသို့ သွားရောက်ပါက ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ရေးတို့ကို သိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)စောင် ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)