ပင်းတယ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ နရုံး ခန်းမ၌ ပင်းတယမြို့ ရွှေဓနုကိုယ့်အားကိုယ်ကိုး ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီအချိန် က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် လက်သန့်စင်ဆေးရည် ၁၀၀ ဗူး၊ နှာခေါင်းစည်း ၄၀၀ ခု၊ ကိုယ်ပူချိန်တိုင်းစက် ၄ ခု၊ ကိုဗစ်-၁၉ ရောဂါ ပညာပေးဗွီနှိုင်း တစ်မျိုးလျှင် ၃၀ ခု၊ (၆)မျိုး စုစုပေါင်း ၁၈၀ ခု၊ ကိုဗစ်-၁၉ ရောဂါ ပညာပေးသီချင်းပါ စီဒီ ၃၀ ချပ်၊ လက်အိတ်အစုံ ၂၀နှင့် လက်ကမ်းစာစောင် ၂၀၀ ရွက်တို့ကို ရွှေဓနုကိုယ့်အားကိုယ်ကိုးဒေသဖွံ့ဖြိုးရေးအဖွဲ့ စီမံကိန်းမန်နေဂျာ ဦးနေဦးနှင့် အဖွဲ့ဝင်များတို့က ပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များက လက်ခံ ရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)