လွိုင်လင် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မြို့နယ်အတွင်းရှိ အော်တိုကြိုးဖုန်းများအား FWA (Fix Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင်ပြောင်းလဲ တပ်ဆင်ပေးခြင်း လုပ်ငန်း ကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ MSAN (Multi Service Access Node)/ FWA ( Fix Wireless Access)နှင့် FTTH (Fiber to the Home) စသည့်စနစ်များဖြင့် သုံးစွဲသူပြည်သူများအား ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုအရည်အသွေးများရရှိစေရန်အတွက် အဆင့်မြှင့်တင် ပြောင်းလဲခြင်းနှင့် တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့နယ်တွင် FWA (Fix Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင် ပေးမည့် အော်တိုကြိုးဖုန်းအလုံးရေ (၃၆၁)လုံးရှိပြီး ယနေ့အထိ ကြိုးဖုန်းအလုံးရေ (၁၂၀) ကျော်ခန့်ကို တပ်ဆင်ပြောင်းလဲပေးပြီး ဖြစ်ကြောင်း (MPT)ရုံးမှ သိရသည်။
ဝင်းမင်းသန့်(ပြန်/ဆက်)