ဒလမြို့နယ်၌ ပြည်ပမှ ပြန်လာသူ ၇၈ဦး ကို Community based Facility Quarantine (၁၄)ရက် တာ စောင့်ကြပ်ကြည့်ရှု
Mar 31,2020
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၇၈ဦးကို Community based Facility Quarantine (၁၄)ရက် သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး၊ ပြည်ပမှ ပြန်လာသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီသတင်းပို့ကြရန်၊ မှန်ကန်သောသတင်းအချက်အလက်များ ပေးပို့ကြရန် အကြောင်း ကြားထားပြီး စည်းကမ်းလိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက် ၁၀ နာရီက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။