သတင်းများ

ကိုရိုနာဗိုင်းရပ် (စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောင်မဲခရိုင် မိုင်းငေါ့မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မိုင်းငေါ့မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူအောင် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ် (စ်)ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန်အတွက် မိုင်းငေါ့မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား လက်ကို စနစ်တကျ ဆေးကြောနိုင်ရေး အသိပညာပေးဆွေးနွေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရောဂါကူးဆက်မှု မရှိစေရန် အဖျားတိုင်းတာခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ် အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရောဂါကာကွယ်ခြင်း၊ ပြန့်ပွားမှုကို ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လားရှိုးမြို့မှ စေတနာရှင်များမှ အလှူငွေများလာရောက်လှူဒါန်း
Mar 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (NSSCCI)မှ လားရှိုးမြို့နယ်အတွင်း Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုရောဂါ ကာကွယ်ခြင်း၊ ပြန့်ပွားမှုကို ထိန်းချုပ်ခြင်း၊ ကုသခြင်းအစရှိသည့် အဓိကလုပ်ငန်းများ အခက်အခဲမရှိ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကာ ဒေသတွင်း လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ရေး အစရှိသည့် လုပ်ငန်းစဉ်များချမှတ်ခြင်း စတင်အကောင်အထည်ဖော်လုပ်ဆောင်ခြင်းတို့အတွက် ရည်ရွယ်သော အစည်းအဝေးကို NSSCCI အသင်းကြီး၏ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် (၁)နာရီမှ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 29,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့က နောင်နွန်းပူးပေါင်းဂိတ်၊ ကျိုင်းတုံမြို့မစျေးနှင့် ယန်းခမ်းစျေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့တွင် Home Quarantine များမှ လိုက်နာရန်အချက်များကို ရပ်ကွက်များတွင် အသိပေးနှိုးဆော်
Mar 29,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နေ့လယ်အချိန်က ပြည်ပနှင့် ၊ ရန်ကုန်၊ မန္တလေး၊ ကလေးမြို့ မှ ရောက်ရှိလာသူများကို Home Quarantine အဖြစ် သက်မှတ်ထားပြီး အဆိုပါ ပြန်လာသူများ အတွက် လိုက်နာရန် အချက်များကို ထန်တလန်မြို့ပေါ် လူငယ်တွေက ရပ်ကွက်အလိုက် ချင်းတိုင်းရင်းသားစကားဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၇၀ တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်
Mar 28,2020
တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၇၀ တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖြန်းခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အသီးသီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်နံရံကပ်ဘုတ်များစိုက်ထူခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်အသိပညာပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Mar 28,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ယနေ့ နံနက်(၇) နာရီ အချိန်၌ မတူပီမြို့၊ စည်ပင်ဈေး၊ အဝေးပြေး ယာဉ်လိုင်းများနှင့် သာမန်ယာဉ်များတွင် သာမိုမီတာဖြင့် အဖျားတိုင်း တာခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သည်။
မိုးညှင်းမြို့တွင် COVID-19 သံသယလူနာများထားရှိနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုနှင့် အတူ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 28,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြို တင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက သံသယလူနာများတွေ့ရှိပါက ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း( ဆူရ်ဘုန် )လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသန္တရအမိန့်ထုတ်ပြန်
Mar 28,2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်း၊ လုပ်ငန်းခွင်လာရောက်လေ့လာခြင်းများ မပြုလုပ်ရန် ဖလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၇ ရက် ဒေသန္တရအမိန့်(၂/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့သည်။