သတင်းများ

ရွှေတောင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 03,2026
ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပထမရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ရန်လျာထားသည့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးမည်
Jun 03,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရန် ဧက ၁၈၀၀၀ ကျော်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ
Jun 03,2026
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြောင်းမြသူနာပြုသင်တန်းကျောင်း၌ (တတိယအကြိမ်) သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း၌ (တတိယအကြိမ်) သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၂) ရက်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်၌အမိုနီယမ်နိုက်ထရိုတ်နှင့် ဆက်စပ် သည့်ဓာတ်မြေဩဇာအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးဆောင်ရွက်
Jun 03,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်အတွင်းရှိ အမိုနီယမ်နိုက် ထရိုတ်နှင့် ဆက်စပ်သည့်ဓာတ်မြေဩဇာအရောင်းဆိုင်များ မီးဘေးလုံခြုံ ရေးအရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို   ဆောင်ရွက်လျက်ရှိရာ ဇွန် ၃ ရက် နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနက စစ်ဆေး‌ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေး
Jun 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံး၌ ဆက်လက်ထုတ်ချေးပေးလျက် ရှိသည်။
လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 03,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီမှစတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
Jun 03,2026
၂ဝ၂၆ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘော်လီဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။