သတင်းများ

ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန်လ (၁) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ အေးချမ်းစွာဖွင့်လှစ် သင်ကြား
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းမှစ၍ အေးချမ်းစွာဖွင့်လှစ် သင်ကြားလျက်ရှိသည်။
အရာတော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 01,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအတန်းစဉ်လိုက် ပျော်ရွှင်စွာသင်ကြားလျက်ရှိသည်။
အရာတော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်လိုက် ပျော်ရွှင်စွာသင်ကြားလျက်ရှိသည်။
မြောင်းမြတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၆) ဖွင့်လှစ်
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၆)ကို ယနေ့နံနက် (၉း၀၀)  နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jun 01,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျော့ချရောင်းချပေးလျက်ရှိရာ ဇွန် ၁ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေကျွန်းတောလမ်းဘေး၌ ရောင်းချပေးခဲ့သည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “ လူဆိုတဲ့ လူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ ယမန်​နေ့မွန်းလွဲပိုင်းက စာရေးဆရာ ဒေါက်တာရဲနိုင်ရေးသော “လူဆိုတဲ့လူ” ဒုတိယအကြိမ်ထုတ်ဝေသော စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူ(၃၀၆၃၂)ဦး ပညာသင်ကြားလျက်ရှိ
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအားလုံး ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား /သူ(၃၀၆၃၂)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။