သတင်းများ

အင်္ဂပူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အခက်အခဲမရှိစေရေး ပြင်ဆင်နေမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ကျောင်းသား/ သူ ကလေးများအား ပြိုင်ပွဲများကျင်းပ
May 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းပိတ်ရာသီ ကျောင်းသား/သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုး/စိတ်ရွှင်လန်းစေရေး ပြိုင်ပွဲများ ကျင်းပခြင်းကို မေ ၂၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 22,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့သည်။
အင်္ဂပူမြို့တွင် အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြ‌သည့် အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်တွင် စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်း ဖွင့်လှစ်
May 22,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယမန်နေ့မနက်ပိုင်းက စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်းကို ဖွင့်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး
May 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရှေ့ရပ်ကွက်တွင်နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်မှုအနေဖြင့် ကျန်းမာရေးစစ် ဆေးပေးခြင်းနှင့် လိုအပ်သောကုသမှုများကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်တွင် Women Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်    
May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က Women Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။