သတင်းများ

အမရပူရမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှု ကွင်းဆင်းစစ်ဆေး
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုကို စက်တင်ဘာလ ၃၀ ရက်နေ့နံနက် ၉ နာရီက အမရပူရခရိုင် လဝကဦးစီးမှူး ဦးမျိုးခိုင်နှင့် တာဝန်ရှိသူများက ကွင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းကြော်ငြာဘုတ်များ စတင်ကြေညာထားရှိ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ကစ၍ လာမည့်ဒီဇင်ဘာရွေးကောက်ပွဲတွင် မဲပေးရမည့် မဲဆန္ဒရှင်ပြည်သူများအတွက် မဲစာရင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်း ကြော်ငြာဘုတ်များ စတင်ကြေညာထားလျက်ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ကြေညာ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင်စတင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၁၀)နာရီက ဈေးကွက်သစ်ရပ်ကွက်နှင့် စံပြရပ်ကွက်ဓမ္မာရုံများတွင် မဲစာရင်းကပ်ထားမှုအခြေအနေအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာအနီးတွင် မိုးရွာသွန်းမှုများသဖြင့် ရေကျော်ရေရိုးများ၌ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လုံခြုံရေးအဖွဲ့များက ကူညီလမ်းရှင်မှုများဆောင်ရွက်
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၂၉)ရက်နှင့် စက်တင်ဘာ(၃၀) ရက်နေ့များတွင် မိုးရွာသွန်းမှုများသဖြင့်၊ မြို့နယ်အတွင်း မြေသားရေကန်များ ရေပြည့်လျံလျက်ရှိသည့် နည်းတူ၊ ကြက်မောက်တောင် ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုများကြောင့် ကျောက်ပန်းတောင်း- မိတ္ထီလာကားလမ်းကိုင်းကျေးရွာအနီး မိုင်တိုင်(၅၁/၄)မှ မိုင်တိုင်(၅၄/၇)အတွင်း အလျား (၃) ဖာလုံခန့် ရေအမြင့်(၁)ပေကျော်ခန့် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ (၃၀) ရက်နေ့ နံနက်(၉)နာရီမှစတင်၍ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များက ရေကြောင်းလမ်းပြခြင်း၊ ကားလမ်းရှင်ခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေး
Oct 01,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တွေ့ဆုံအားပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Oct 01,2025
MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများကို စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဒလမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
Oct 01,2025
ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ ဒလ-တွံတေးကားလမ်းမ‌‌ဘေးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း
Sep 30,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာ၂၅ရက်မှ ၂၉ ရက်အထိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊  သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်သည်။