သတင်းများ

လက်ပံတန်း၌ တောင်သူအသိပညာပေးဆွေးနွေးပွဲကျင်းပ
May 14,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် တောင်သူများအနေဖြင့် မြေဆွေးသဘာဝ ဓာတ်မြေဩဇာကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ Home Garden စားဖိုဆောင်သီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ချမ်းသာကုန်းကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
May 14,2026
 မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်း ခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းကစတင်၍ စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။      
 ထားဝယ်မြို့၌ ရက်ပေါင်း(၁၀၀)အတွင်း လူထုဖြန့်ပျိုးပင် ၄၀၀၀၀ စိုက်ပျိုးမည်
May 14,2026
နိုင်ငံတော်အစိုးရ၏ရက် ၁၀၀  ကာလအတွင်းတနင်္သာရီတိုင်းဒေသကြီးသစ်တောဦးစီးဌာန က ပြည်သူများအတွက် မိုးရာသီအကြို ပျိုးဥယျာဉ်တွင် ပြင်ဆင်ထားရှိမှုများနှင့် သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပြင်ဆင်ထားရှိမှုများအား မေ ၁၃ ရက် မွန်းလွဲတွင်  တိုင်းဒေသကြီသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦသိန်းလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုသည်။
အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ ညောင်ရွှေမြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
May 14,2026
ညောင်ရွှေမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲမြင့်စိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရက်(၁၀၀)စီမံချက်ဖြင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းကျင်းပ
May 14,2026
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်(၁)၊ တောင်ဒဂုံစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က တိုင်းဒေသကြီးတာဝန်ခံများနှင့် မြို့နယ်တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြသည်။
ကျောက်တန်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာ၀န်ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာ၀န်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့နယ်၌ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်နှင့် အခြားအိမ်မွေးတိရစ္ဆာန်များ ကာကွယ်/ကုသခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်
May 14,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်များ ကာကွယ်/ကုသ ခြင်းလုပ်ငန်းများကို အခမဲ့ထိုးနှံပေးခြင်းနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းကို မေလ ၁၃ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု၊ ကရိုင်တိုင်ကျေးရွာ၌ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ဟိုပုံးမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
May 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယမန်နေ့က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။