Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကြာအင်းဆိပ်ကြီးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်
Sep 28,2025
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းပြသင်တန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ဆောင်နေမှုအားကြည့်ရှု
Sep 28,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာအုပ်စု၊ ဝါးကြီးအိုင်ကျေးရွာ၊ “ရွှေစေတီ”ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင်ပြုလုပ်ရာ၊ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့စမ်းသပ်မဲပေးခြင်းများအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား "Clean City, Green City, Smart City" ဖြစ်ပေါ်လာစေရေးအတွက် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းကိုမှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့ ရပ်တော်မူဘုရား၌ စုပေါင်းဆွမ်းလောင်းလှူ
Sep 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့က ရပ်တော်မူဘုရား၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်မှူးဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်/ခရိုင်/ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ် ကန်သာယာငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Sep 28,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကန်သာယာ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ်ဆရာ၀န်လောင်းများက (ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေး
Sep 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ် ဆရာ၀န်လောင်းများက(ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်မားရေး စောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်းကပ်ထားကြေညာမည့် လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့၌ ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ဖွင့်လှစ်ခဲ့သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက AZURA Resort Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
835
Page
836
Page
837
Page
838
Current page
839
Page
840
Page
841
Page
842
Page
843
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department